First Recharge အပိုဘောနပ်စ် ရသေးလားဆိုပြီး မေးလာကြတဲ့သူတွေ များနေလို ဒီမှာတစ်ခါတည်း ရှင်းပြထားလိုက်ပါတယ်။
ဂိမ်းထဲကို ဝင်ပြီး စိန်ဘေးမှာရှိတဲ့ (+) လေးကို နှိပ်ကြည့်ပါ။ အဲ့ဒီနေရာကို ဝင်လိုက်တာနဲ့ ပုံထဲကလို ပေါ်လာပြီး First Recharge ဆိုတဲ့စာ မပျောက်သေးဘူးဆိုရင်တော့ အဲ့ဒီပမာဏကို ဖြည့်လိုရနေသေးပါတယ်။
တစ်ကြိမ်သာ အပိုရတာဖြစ်တဲ့အတွက် ကိုယ်ဖြည့်ပြီးသွားတဲ့အခါ First Recharge ဆိုတဲ့စာ ပေါ်မလာတော့ပါဘူး။ အဲ့ဒီနောက် ထပ်ပြီး ဝယ်မိရင်လည်း ဘောနပ်စ်အပို မရတော့တာကို သတိထားပေးပါနော် 🙏